ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
တင်ဒါအမှတ် | - |
ဌာန | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
လုပ်ငန်းအမျိုးအစား | အာရ်စီ အဆောက်အဦဆောက်လုပ်ခြင်း |
တင်ဒါစတင်ရောင်းချသည့်နေ့ | 20 May, 2024 |
တင်ဒါပိတ်မည့်ရက်စွဲ | 21 June, 2024 |
ခန့်မှန်းတန်ဖိုး | - |
လုပ်ငန်းဆောင်ရွက်မည့်နေရာ | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
တင်ဒါခေါ်ယူခြင်း
၁။ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၉)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းနှင့် ကျန်စစ်သား လမ်းကြား၊ ပေါင်းကူးလမ်းရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲခွင့်ရှိသော မြေဧရိယာ(၃.၅၀၈)ဧကတွင် အစိုးရ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် ၄ ခန်းတွဲ ၆ ထပ်တိုက် RC အဆောက်အဦ (၂၀)လုံးအား ဆောက်လုပ်မည်ဖြစ်ပါ၍ ရင်းနှီးမြုပ်နှံ ဆောင်ရွက်လိုသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့တွင် မှတ်ပုံတင်ပြီးဖြစ်သည့် မြန်မာနိုင်ငံသားပိုင် ပြည်တွင်းကုမ္ပဏီများမှ တင်ဒါတင်သွင်းနိုင်ရေး ဖိတ်ခေါ်အပ်ပါသည်။
၂။ တင်ဒါပုံစံရောင်းချမည့်ရက် – ၂၀-၅-၂၀၂၄ ရက်နေ့မှ ၁၄-၆-၂၀၂၄ ရက်နေ့ထိ
၃။ တင်ဒါပုံစံရောင်းချမည့်နေရာနှင့် – ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း၊ အမှတ်(၃၉၉)၊
တင်သွင်းရမည့်နေရာ အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
၄။ တင်ဒါတင်သွင်းရမည့်နောက်ဆုံးရက် – ၂၁-၆-၂၀၂၄ ( သောကြာနေ့ )
၅။ တင်ဒါပွဲကျင်းပမည့်နေ့ရက်အား ကြိုတင်အသိပေးအကြောင်းကြားပါမည်။
၆။ မြေပြင်အခြေအနေအားသိရှိလိုပါက အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊တယ်လီဖုန်းအမှတ် ၀၉ ၈၉၁၈၀၃၀၆၉ သို့ စုံစမ်းမေးမြန်း၍ ရုံးချိန်အတွင်းသွားရောက်ကြည့်ရှုနိုင်ပါသည်။
၇။ တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း၊ အမှတ်(၃၉၉)၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ရုံးချိန် အတွင်း ၀ယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက အင်ဂျင်နီယာဌာန (အဆောက်အအုံ) သို့ဖြစ်စေ၊ တယ်လီဖုန်းအမှတ် ၀၉ – ၈၉၁၈၀၃၀၆၉ သို့ဖြစ်စေ ရုံးချိန် အတွင်း မေးမြန်းစုံစမ်းနိုင်ပါသည်။
တင်ဒါကော်မတီ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
Leave a Reply