ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
တင်ဒါအမှတ် | - |
ဌာန | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
လုပ်ငန်းအမျိုးအစား | စက်သုံးဆီများသတ်မှတ်နေရာအရောက် ကျပ်ငွေဖြင့်ဝယ်ယူခြင်း |
တင်ဒါစတင်ရောင်းချသည့်နေ့ | 19 February, 2025 |
တင်ဒါပိတ်မည့်ရက်စွဲ | 25 February, 2025 |
ခန့်မှန်းတန်ဖိုး | - |
လုပ်ငန်းဆောင်ရွက်မည့်နေရာ | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အသုံးပြုရန်လိုအပ်သောအောက်ဖော်ပြပါ စက်သုံးဆီများကို သတ်မှတ်နေရာအရောက်ကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့်စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့်တင်ဒါများ ပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်-
စဉ် ပစ္စည်းအမျိုးအမည် အရေအတွက်
(က) ဒီဇယ်ဆီ / ပရီမီယံဒီဇယ်ဆီ / ဓါတ်ဆီ ၃၀၀၀၀ ဂါလန် / ၁၅၀၀၀ ဂါလန် / ၅၀၀၀ ဂါလန်
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို ၁၉ – ၂ – ၂၀၂၅ ရက်နေ့မှစ၍ရောင်းချမည်ဖြစ်ပြီး ၂၅ – ၂ -၂၀၂၅ ရက်နေ့ (၁၂:၀၀)နာရီ နောက်ဆုံးထား၍ တင်သွင်းရန်ဖြစ်ပါသည်။ တင်ဒါပုံစံအား မြို့တော်ခန်းမ(ပထမထပ်) ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန၊ ပစ္စည်းဝယ်ယူရေး ဌာနခွဲတွင် ဝယ်ယူနိုင်ပြီး အသေးစိတ် အချက်အလက်များကို ဖုန်းအမှတ် – ၀၁ ၃၈၈၇၃၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီ
Leave a Reply