ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မြေအသုံးပြုခွင့်လျှောက်လွှာ ခေါ်ယူခြင်း
အသိပေးကြေညာချက်
( ၂၀၂၀ခုနှစ် ဖေဖော်ဝါရီ ၇ )
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသော တိုင်းဒေသကြီးအတွင်းရှိ မြေများကို စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက်သော်လည်းကောင်း၊ လူနေထိုင်ရန်အတွက်သော်လည်းကောင်း မြေအသုံးပြုခွင့်အား သတ်မှတ်စည်ပင်စရိတ်ပေးသွင်း၍ အသုံးပြုခွင့်ပြုမည်ဖြစ်ရာ စိတ်ပါဝင်စားသူ မည်သူမဆို သတ်မှတ်ထားသည့် မြေအသုံးပြုခွင့် လျှောက်လွှာပုံစံအတိုင်း မိမိအစီအစဥ်ဖြင့် ကွန်ပျူတာရိုက်နှိပ်ပြုစုဖြည့်စွက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နီးစပ်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး/ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးများတွင် ရုံးချိန်အတွင်း တင်သွင်းနိုင်ပါသည်။
လျှောက်လွှာတင်ရမည့်နောက်ဆုံးနေ့ရက် - ( ၆-၃-၂၀၂၀ ) ရက်
(ကြော်ငြာပါမြေကွက်များအပြင် အခြားလျှောက်ထားလိုသည့် မြေကွက်များကိုလည်း အချက်အလက် ပြည့်စုံစွာဖြင့် တင်ပြလျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
သက်ဆိုင်ရာမြို့နယ်အတွင်းရှိ မြေကွက်များစာရင်းကို အသေးစိတ်ကြည့်ရှုရန် PDF ဖိုင်ကို ရယူပါ။
PDF ဖိုင်တွင် ပါဝင်အကြောင်းအရာများ
- အသိပေးကြေညာချက်
- ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ မြေကွက်များစာရင်း
- ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ မြေကွက်များစာရင်း
- ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ မြေကွက်များစာရင်း
- ဒလမြို့နယ်အတွင်းရှိ မြေကွက်များစာရင်း
- ရွှေပြည်သာမြို့နယ်အတွင်းရှိ မြေကွက်များစာရင်း
- မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မြေကွက်များစာရင်း
- လှိုင်သာယာမြို့နယ်အတွင်းရှိ မြေကွက်များစာရင်း
- ဆိတ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ မြေကွက်များစာရင်း
- ကျောက်တန်းမြို့နယ်အတွင်းရှိ မြေကွက်များစာရင်း
လျှောက်လွှာပုံစံ ရယူရန်