လိုင်စင်နှင့် ခွင့်ပြုချက်လျှောက်ထားရန် - ပြည်နယ်/ တိုင်းကျော် ခရီးစဉ်ယာဉ်လိုင်း အသစ် ပြေးဆွဲခွင့်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင်လျှောက်ထားရန်
- ယာဉ်အသင်း/အဖွဲ့အမည်
- လျှောက်ထားသူ၏ မှတ်ပုံတင် နှင့် သန်ခေါင်းစာရင်း (မူရင်း/မိတ္တူ)
- အသင်းအုပ်ချုပ်မှု အဖွဲ့ / ဖွဲ့စည်းပုံ
- ပြေးဆွဲမည့်ခရီးစဉ်ဒေသ
- ပြေးဆွဲမည့် ယာဉ်အမျိုးအစား နှင့် အရေအတွက်
- နေ့စဉ်ပြေးဆွဲမည့် ယာဉ်စီးရေ (ယာဉ်ထွက်ခွာချိန် အချိန်ဇယား ဖော်ပြရန်)
- ပြေးဆွဲမည့် ယာဉ်များ၏ ယာဉ်အမှတ်/ ယာဉ်အမျိုးအမည် / ယာဉ်အမျိုးအစား
- မော်တော်ယာဉ်များအတွက် သက်ဆိုင်ရာ အဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ဂိတ်စခန်းဖွင့်လှစ် ဆောင်ရွက်မှု အခြေအနေ
- ရေယာဉ်များအတွက် ခရီးစဉ်အတွင်းရှိ ဆိပ်ကမ်းများတွင် ဆိုက်ကပ်မည့် အစီအစဉ်
- တောင်းခံမည့် ယာဉ်စီးခနှုန်းထားများ၊ အခမဲ့ ခွင့်ပြုမည့်ပစ္စည်းတင်ဆောင်မှု တန်ဆာခများ
- စက်သုံးဆီ အစီအစဉ်